ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
by Maung Wuntha on Friday, December 16, 2011 at 1:31pm
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး စတင်ဆောင်ရွက်ပါပြီ။
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခုဆိုပြီး မကြာသေးခင်က ကျွန်တော့် Facebook မှာ တင်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီစိတ်ကူးလေးကို မိတ်ဆွေအချို့က ၀ိုင်းဝန်းထောက်ခံအားပေးကြပါတယ်။
တချို့က ရန်ပုံငွေ လှူဖို့ကတိပြုကြပါတယ်။
၁၁ ဒီဇင်ဘာ ၂၀၁၁ ညနေမှာတော့ ရန်ကုန် ပန်းဆိုးတန်း နန်းယုဟိုတယ်မှာ ကျင်းပတဲ့ မိတ်ဆုံပွဲမှာ ကျွန်တော်က အဲဒီစိတ်ကူးကို တင်ပြလိုက်ပါတယ်။ မိတ်ဆုံပွဲက ဆရာဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက် ကွယ်လွန်သူ ကြေးမုံ ဦးစိုးနိုင်ရဲ့သား မေတ္တာမိုး ကိုမောင်မောင်နိုင်က ဧည့်ခံတဲ့ ပွဲပါ။ ဆရာဦးဝင်းတင်ကို အကြောင်းပြုပြီး မိတ်ဆွေတွေကို နှစ်စဉ် ဧည့်ခံခြင်းဖြစ်ပါတယ်။
ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ဘယ်လက်က ၀င်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်က တင်ပြပါတယ်။
ထောင်ထဲမှာ နှစ် ၂၀ နေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး ဦးဝင်းတင်ရဲ့ အထိမ်းအမှတ် ဖောင်ဒေးရှင်းဖြစ်လို့ အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ သက်သာချောင်ချိရေးကို ဦးစားပေးသင့်တယ်။ တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်) ကို လူငယ်များက ကန်တော့တဲ့ပွဲမှာ ဆရာဦးဝင်းတင်က နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးသာမက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘ၀တွေ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ရဲ့ စိတ်ကူးကို ပိုပြီးအားကောင်းသွားစေပါတယ်လို့ ပြောပါတယ်။
ထမင်းစားပွဲ တက်ရောက်သူအားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။ NLD ဦးအုန်းကြိုင်က ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အတွက်ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်လို့ ထပြောပါတယ်။
သတင်းစာဆရာတွေထဲက လူမှုဘ၀ချို့တဲ့နေသူများကိုပါ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ကူညီသင့်တယ်လို့ ဆွေးနွေးသူအချို့လည်ူး ရှိပါတယ်။ ဆရာဦးဝင်းတင်က အဲဒီဆွေးနွေးချက်ကို ထောက်ခံပါတယ်။
မိမိအနေနဲ့ နိုင်ငံရေးပါတီ တာဝန်ရှိနေတဲ့အတွက် ကိုယ်တိုင်ဦးစီးပြီး ဖောင်ဒေးရှင်းထူထောင်တာတော့ မလုပ်နိုင်ကြောင်း၊ သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ မိတ်ဆွေများက ကြီးမှူးပြီး လုပ်ချင်ကြတယ်ဆိုရင်ဖြင့် မိမိအနေနဲ့ ခွင့်ပြုပါကြောင်း၊ ဖောင်ဒေးရှင်းကလုပ်မှာကလဲ မိမိ ယခုလက်ရှိလုပ်နေတာတွေကိုပဲ ပိုပြီး ကျယ်ပြန့်တဲ့အသွင်သဏ္ဍာန်နဲ့ လုပ်သွားကြမှာ ဖြစ်လို့ သဘောတူကျေနပ်ပါတယ်လို့ ပြောသွားပါတယ်။
အဲဒီထမင်းစားပွဲမှာ သတင်းစာဆရာတွေအများစုပါပေမယ့် လက်ရှိ လူငယ်ခြေတက်အဖြစ် သွက်သွက်လက်လက် လှုပ်ရှားနေသူထဲကတော့ ကိုဦးဆွေတစ်ယောက်ကိုပဲ တွေ့လို့ ``ကိုဦးဆွေရေ- သတင်းတော့မရေးနဲ့ဦးနော်၊ ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့ပြီးရင် အန်ကယ် သတင်းထုတ်ပြန်ချက် ရေးပေးမယ်။ အဲဒီတော့မှ ရေးပါ´´လို့ သတိပေးလိုက်ပါသေးတယ်။
ဒါက ထုံးစံအတိုင်း ပြောလိုက်တာပါ။ ဒီခေတ်လူငယ်ခြေတက်တွေအကြောင်း ကျွန်တော် သိပ်သိသပေါ့ဗျာ။ ဒီလောက်ပြောလိုက်ရုံနဲ့ ဘာရလိမ့်မလဲ။ ယခုအပတ်ထွက်တဲ့ ဂျာနယ်တွေမှာ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဖွဲ့စည်းမည့်သတင်းတွေ ပါလာပါပြီ။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးလုပ်ပြီး ရေးတဲ့သတင်းတောင်ပါလိုက်သေး။ ဆရာကတော့ စိန်ခေါ်ရင် တိမ်ပေါ်လိုက်မယ်ဆိုတဲ့လူမျိုးဆိုတော့ အမေးရှိရင် အဖြေပေးဖို့ အသင့်ပဲပေါ့။ သည်တော့ ကျွန်တော်ကလဲ လုပ်ဆောင်ပြီးသလောက်ကိုတော့ ပြောသင့်ပြီလို့ ဆုံးဖြတ်ပြီး အခု ကျွန်တော့် ဖေ့စ်ဘွတ်ကနေ အစီရင်ခံခြင်း ဖြစ်ပါတယ်။
ဒီရက်ထဲမှာ ကျွန်တော်နဲ့အတူ ဆော်သြရေးလုပ်နေတဲ့ ရွှေပြည်တန် ကိုကျော်အောင်နဲ့တိုင်ပင်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းနာယကများနဲ့ ဦးဆောင်အဖွဲ့ဝင်များ လျာထားစာရင်းတစ်ခု ပြုစုဖြစ်ခဲ့ပါတယ်။
စာရင်းမှာ ဖော်ပြထားသူတွေထဲက မပါဝင် မပတ်သက်လိုသူများ ကျွန်တော့်ထံ အမြန်အကြောင်းကြားနိုင်ပါတယ်။ စာရင်းက ချက်ချင်း ဖယ်ရှားပေးပါမယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူဆောင်ရွက်လိုသူများ ရှိရင်လဲ စာရင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဖော်ပြပေးပါမယ်။
လက်ရှိလျာထား စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း
နာယကများ
၁။ ဒဂုန်တာရာ
၂. သခင်သိန်းမောင် (၀ါးခယ်မ)
၃။ ကြေးမုံဦးသော်
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
၎။ ဦးအုန်းထွန်း ၀၁ ၅၇၈၀၂၇
၅။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၆။ မောင်မိုးသူ ၀၁ ၃၇၆၄၃၅
၇။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၈။ မောင်ဝံသ ၀၉၅၀၄၀၉၉၄
၉။ ဦးအံ့မောင် ၀၁ ၅၆၃၁၀၆
၁၀။ ဦးကိုကိုကြီး ၀၉၅၁၆၂၄၃၇
၁၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆
၁၂။ ဦးသိန်းတန် ၀၁၂၂၄၃၂၈
၁၃။ ဦးအုန်းမောင် ၀၁ ၆၆၄၅၁၅
၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) ၀၂ - ၃၉၇၁၇ / ၆၀၁၃၆
၁၅။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၁၆။ ဦးကျော်အောင် ၀၉၅၀၂၆၄၅၀
၁၇။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၁၈။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၁၉။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၂၀။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၅
၂၁။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆ / ၀၉၇၃၁၂၈၈၈၆
၂၂။ ဦးမြတ်ဆွေ ၀၉၅၁၄၈၃၄၂
၂၃။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃
၂၄။ ဦးချစ်စံ (ဟံသာဝတီ) ၀၁ ၅၄၅၃၉၀
၂၅။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၂၆။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၂၇။ မဒုံ ။
၂၈။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၂၉။ ကိုဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၃၀။ ကိုပေါက် ၀၁ ၅၇၈၀၂၇
၃၁။ ဦးမြင့်လွင် (စိုးအုပ်) ၀၁ ၂၄၂၅၃၁
၃၂။ ကိုဦးဆွေ ၀၉၇၃၀၄၃၂၁၅
မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။
မောင်ဝံသ
maungwuntha@gmail.com
မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီး(တချို့ ကိုအငြီမ်းစားပေးပြီး)နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် အဖွဲ့သစ် စာရင်း ထွက်ရှိ
မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၁ ရာစုကိုဦးပါဝင်သော ဦးဆောင်ျနိုင် မဲ့  ၂၁ အဖွဲ့သစ် စာရင်း ထွက်ရှိလာသည်ဟု ယင်းအဖွဲ့သစ် စာရင်းတွင် ပါဝင်သူ ဒေါ်မေ၀င်းမြင့်က The Messenger News Journal သို့ ပြောကြားသည်။
ယင်းသို့ ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင် သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်း ဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများ စသည့် မူသုံးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့မှ ပါတီကို ဦးဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထွက်ရှိလာသည့် စာရင်း အသစ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားကို ဒုဥက္ကဌ ဦးတင်ဦး နေအိမ်တွင့် ကျင်းပခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စက်တင်ဘာ ၂၇၊ ၁၉၈၈ တွင် စတင်တည်ထောင်မွေးဖွားခဲ့ရာ ယနေ့တွင် ၂၂ နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားကို ဒုဥက္ကဌ ဦးတင်ဦး နေအိမ်တွင် တက်ရောက်သူ အင်အား ၃၀၀ ကျော် ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံအာဇာနည်များကို အလေးပြုခြင်း၊ ဒီမိုကရေစီရေး တိုက်ပွဲတွင် ကျဆုံးသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား တမိနစ်တိတိ ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုခဲ့ကြသည်။
၎င်းနောက် အင်န်အယ်ဒီပါတီခေါင်းဆောင် ၂ ဦး ဖြစ်သော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က ဂုဏ်ပြုအမှတ်တရ စကားများ ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့က ဦးဝင်းတင်ရေးသားသော ကဗျာနှင့်အတူ အခြား အဖွဲ့ချုပ်မွေးနေ့ ဂုဏ်ပြုကဗျာများကို ဖတ်ကြသည်။
ဦးတင်ဦး၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှာ -
“ခုလက်ရှိမှာ မတရားမှုတွေ ဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး”
ဦးဝင်းတင်၏ မိန့်ခွန်းကော်နုတ်ချက် မှာ -
“မတရားသဖြင့် နှိပ်စက် ညှင်းပန်းမှုတွေကို ကုန်းမခံဘူး။ ရုန်းကန်မယ် …”
ဟူ၍ ဖြစ်ကြသည်။
၁၉၈၈ စက်တင်ဘာလ တွင် ထူထောင်သော အင်န်အယ်ဒီပါတီသည် စစ်အစိုးရကျင်းပပေးသော ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၄၀၀ နီးပါးဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ၎င်းနောက်တွင် စစ်အစိုးရက အာဏာကို လွှဲပေးခြင်း မပြုဘဲ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ အမြောက်အများ ဖမ်းဆီး ထောင်ချခြင်း ခံရသည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၄ နှစ် ကျော် ထိန်းသိမ်းခြင်း ခံထားရသည်။ အနှစ် ၂၀ ကျော်မှာ ဒုတိယအကြမ် ကျင်းပပေးဦးမည် ဟု စစ်အစိုးရ စီစဉ်သော ၂၀၁၀ ရွေးကောက်ပွဲ ကို အင်န်အယ်ဒီပါတီက သပိတ်မှောက် ထားသည်။ ယခု စက်တင်ဘာလတွင် စစ်အစိုးရက အင်န်အယ်ဒီပါတီ ပျက်ပြယ်ကြောင်း ကြေညာလိုက်သည်။
နွေဦးအိုးဝေBlog မှကူးယူတင်ပြပါသည်
Flag Raising Ceremony and Burma Flag Day in Buffalo NY on Sept 25 2010
ဘတ်ဖဲးလိုးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက စုပေါင်းပြီး တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို ဘတ်ဖဲးလိုးမြို့၏ ကျက်သရေဆောင် မြို့တော်ခမ်းမအရှေ့တွင် အလံတော်လွှင့်တင်ခြင်း အခမ်းအနားဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဘတ်ဖဲးလိုးမြို့၏မြို့တော်ကောင်စီမှာ အထက်ဖေါ်ပြပါ အစဉ်တွက် Burma Flag Day ဟု ဂုဏ်ပြုကြေညာ သတ်မှတ်ပေးခဲ့ပါသည်။ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ပွဲ၊စစ်အာဏာသိမ်း(၂၂)နှစ်မြောက်ကို ဆန်ကျင်ပွဲ၊ (၃)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၊ (၂၂)နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့သော နှစ်ပတ်လည်နေ့ကို အသိအမှတ်ပြု ဂုဏ်ပြုပွဲ နှင့် အမေရိကန်အစိုးရမှ မြန်မာစစ်အစိုးရအား စစ်ရာဇ၀တ်မှုများဖြင့် တရားစွဲဆိုရန်တောင်းဆိုမှုကို ထောက်ခံပွဲတို့ကို အခမ်းအနားတို့ကိုပါပြုလုပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှာကြားသော အချက် (၆) ချက်

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

ရွေးကောက်ပွဲသပိတ်မှောက်ရေး NLDခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ
“ဒီကနေ့ မန္တလေးနဲ့ အနီးပတ်ဝန်းကျင် ၁၅ မြို့နယ်က မြို့နယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ ဗဟိုအဖွဲ့နဲ့ တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထုက တဆင့် ပြည်သူလူထုကို မှာကြားတဲ့အချက်တွေကို အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကိစ္စ၊ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ်ရဲ့ ပြေပြေလည်လည် ညီညီညွတ်ညွတ် စိတ်ရှည်လက်ရှည် ဆွေးနွေးပြီးတော့ ပြေလည်အောင် ဆောင်ရွက်စေချင်တဲ့ စေတနာ၊ နောက် အဖွဲ့ချုပ် လူငယ်တွေ အမျိုးသမီး အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမှာ လူထုထဲဆင်းပြီး မိမိတို့ တာဝန်ကျေကျေ စည်းရုံးဆောင်ရွက်ရမယ့် ကိစ္စ အဲဒါတွေကို တင်ပြပါတယ်။ ဒါဟာ ဒုတိယ ခရီးစဉ်ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်,
္ဒီူ ဗဟိုခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပါတီအောက်ခြေ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေကလည်း ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာ မရှင်းလင်းတဲ့ အချက်တွေကို ပြန်လည် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ကြောင်း၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ လာမယ့် ရက်ပိုင်းတွေအတွင်း NLDမြို့နယ် ခေါင်းဆောင်တွေဟာ မိမိတို့ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူတွေကို လိုက်လံရှင်းပြဖို့ ရှိကြောင်းလည်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို NLDဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးအုန်းကြိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ရှေ့နေ ဦးကြည်ဝင်း တို့အပြင် မန္တလေး တိုင်းစည်းတွေဖြစ်ကြတဲ့ ဦးသိန်းတန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးမျိုးနိုင်တို့ တက်ရောက် ဆွေးနွေးကြတာဖြစ်ပါတယ်၊၊
ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLDဗဟို အလုပ်အမှုဆောင်အဖွဲ့ဟာ ဒီကနေ့ ညနေမှာပဲ ရှမ်းပြည်နယ် လားရှိုးမြို့ကို ခရီးဆက်လက် ထွက်ခွာသွားကြောင်း သိရပါတယ်။
သတင်း RFA
Labels:
NLD
မြန်မာနိုင်ငံဆိုင်ရာသတင်းများ
NLD အလံမလဲဟုဆို.
NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဝမ်းမြောက်.
Type the rest of your post here.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဟောပြောပွဲကျင်းပပြုလုပ်

၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ အုတ်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်
ရုံးတွင် ဟောပြောပွဲတရပ်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ်လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင့်မှ ဟောပြောခဲ့ခြင်းဖြစ်သည်။ လူငယ်နှင့် အနာဂတ်ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များမှ မေးခွန်းများပြန်မေးခဲ့ကြကြောင်းသိရှိရသည်။ ယနေ့ဟောပြောပွဲသို့ ရန်ကုန်တိုင်း၊ မြို့နယ်ပေါင်းမှ စိတ်ဝင်စားသူ လူငယ် (၃၀၀) ၀န်ကျင်ခန့်တက်ရောက်ခဲ့ကြပြီး၊ အဖွဲ့ချုပ်ခေါင်းဆောင်များလည်းတက်ရောက်ကြ
သည်ကို တွေ့ရှိရသည်။

သတင်းဆောင်းပါး
ဇာဂနာနဲ့ ဇော်သက်ထွေးကို မြစ်ကြီးနားနဲ့ တောင်ကြီး ထောင်ပို့

မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးရာ ထောင်တွေကို ပြောင်းရွှေ့ နေရာမှာ အခုနောက်ဆုံး နိုင်ငံကျော် လူရွှင်တော်စွယ်စုံ အနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ကိုလည်း မြန်မာပြည် မြောက်ဖျားက ကချင်ပြည်နယ် မြစ်ကြီးနားထောင် ကို ပို့လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းမထားဖို့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုသံတွေကြားကပဲ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းတာတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ကြားရတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ မိသားစုတွေက ဘာတွေပြောကြသလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။
မကြာသေးခင်ကပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချခံထားရတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး၊ သူတို့နဲ့အတူ ပြစ်ဒဏ်စီရင်ခံထားရတဲ့ ကိုတင်မောင်အေး၊ ကိုသန့်ဇင်အောင်တို့ အသီးသီးကို ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ၊ မေလထဲတုန်းက နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ် အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ မတရားသင်း ဥပဒေပုဒ်မ၊ စတာတွေ အပါအ၀င် စွပ်စွဲချက်အများအပြားနဲ့ ထောင်ဒဏ် ၅၉ နှစ်အထိ ကျခံနေရတဲ့ ဇာဂနာ ကို ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ထောင်ဒဏ် ၁၉ နှစ် ချခံထားရတဲ့ ကိုဇော်သက်ထွေး ကို ရှမ်းပြည်နယ် တောင်ကြီးထောင်၊ ကိုသန့်ဇင်အောင်ကို ကရင်ပြည်နယ် ဖားအံထောင် နဲ့ ကိုတင်မောင်အေးကိုတော့ မန္တလေးတိုင်း မြင်းခြံထောင်တို့ကို ပို့ဆောင်လိုက်တာပါ။ ဒီကနေ့ ရန်ကုန်အင်းစိန် အကျဉ်းထောင်ကို သွားရောက်တဲ့အခါမှသာ မိသားစုက ဒီလိုပြောင်းရွှေ့လိုက်ပြီဆိုတာကို သိရတာလို့ ဇာဂနာ ရဲ့ ခယ်မ ဖြစ်သူ မငြိမ်း က ပြောပါတယ်။ “ဒီနေ့ ကျမတို့ ပါဆယ်ပို့ဖို့ အတွက် သွားတော့ ပြောင်းသွားပြီလို့ ကြားတယ်။ ဒါကြောင့် အထဲကို မေးပေးပါလို့ ပြောတော့မှ သေချာလို့လားဆိုပြီး မေးပေးတော့ မြစ်ကြီးနားတဲ့။ ကိုသူရအတွက်လည်း စိတ်မကောင်းဘူးပေါ့။ ရာသီဥတုလည်း အရမ်းအေးတဲ့အချိန် ကျမကလည်း ကိုသူရအတွက် အနွေးထည် အထူဆိုလို့ ဘာမှ မထည့်ထားဘူးပေါ့။ အဲဒီဘက်က အရမ်းအေးတဲ့အချိန်ဖြစ်လို့ အဲဒါကို ကျမ စိုးရိမ်တယ်။ ဆေးစာရွက်ထုတ်ပေးထားတာရှိတယ်။ ဒီတပတ်မှ ဆေး သွားပို့ရမှာ သွေးတိုးဆေးတွေမပါသွားဘူး။ ကဲ ဘယ်လို လုပ်ကြမတုန်း သူတို့ ဘာလုပ်ပေးနိုင်မှာတုန်း။” အခုနောက်ဆုံး အပြောင်းအရွှေ့သတင်းတွေကို အင်းစိန်ထောင်မှာ စုံစမ်းသိရလို့ ခင်ပွန်းသည်ဖြစ်သူအတွက် ရတတ်မအေး ဖြစ်နေရသလို၊ မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ရောက်သွားလို့ အခက်ကြုံရမယ့်အရေး စိတ်မအေး ဖြစ်နေရသူ ကတော့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ရဲ့ ဇနီးသည် မခိုင်ချို ဖြစ်ပါတယ်။“၃ရက်နေ့က တောင်ကြီးထောင်ကို ပို့လိုက်တယ်ဆိုတာ တွေ့ရတယ်။ ကျမကတော့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း အင်းစိန်မှာတုန်းကတော့ တမြို့တည်း ဆိုတဲ့ အသိနဲ့ ခံသာတာပေါ့။ အခု တောင်ကြီးဆိုတော့ ကျမသမီးကိုတော့ ၁၄ရက် တခါတော့ မခေါ်နိုင်ဘူးထင်တယ်။ သူက လည်းပင်နာရှိတဲ့အတွက် အေးတဲ့ရာသီဥတုမှာ နေရတဲ့အတွက် ကျမတော့ စိုးရိမ်တယ်။ သူသောက်နေကျ ဆေးတွေကိုတော့ နဂိုကတည်းက ဆေးစာထုတ်ပြီး သွင်းပေးထားတယ်လေ။ သူကတော့ ဘယ်ရောက်ရောက် သူ့အတွက် စိတ်မပူပါနဲ့လို့ ပြောပေမယ့်လည်း ကျမကတော့ စိတ်ပူတာပေါ့။”ဒီလိုပဲ နယ်ထောင်တွေကို ပို့ခဲ့လို့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေသာမက ကျန်မိသားစုဝင်တွေပါ အခက်အခဲ တွေနဲ့ ကြုံရမယ့် အခြေအနေမျိုးတွေ ရှိနေလို့လည်း မိသားစုဝင်တွေအနေနဲ့ မခံမရပ်နိုင်လည်း ဖြစ်နေကြတာပါ။ အခု လည်းပဲ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို လူရွှင်တော် ဇာဂနာ ကို ပြောင်းရွှေ့ လိုက်တဲ့ အတွက်လည်း ဒါဟာ ကျန်တဲ့ မိသားစုကိုပါ ဒုက္ခပေးဖို့ရည်ရွယ်တာပဲလို့ မိသားစုဝင်တွေက မြင်ကြတာပါ။“သူတို့က မိသားစုတွေပါ ဒုက္ခရောက်ပေါ့လေ။ ငွေတွေလည်း ကုန်ကြစေပေါ့။ အခု ကျမတို့ သွားမယ်ဆိုရင် လေယာဉ် လက်မှတ်က ၁၂၀၀၀၀၊ ကျမတို့ ၂ယောက်သွားရင် အသွားအပြန် စာရိတ်က ၅၀၀၀၀၀၀ လောက် ဖြစ်နေပြီ။ တလမှာ တခါပဲ သွားနိုင်မှာပါ။ ဘယ်လိုပဲ ပြောပြော ၂ပတ်တခါတော့ အားမယူနိုင်ပါဘူး။ ဒီလို အနေအထား နဲ့ ကျမတို့ ဘယ်လို လုပ်ရမလဲ။ အပင်ပန်းခံပြီး ကားလမ်းကြောင်းနဲ့ပဲ တက်ကြမှာပေါ့။ ဒီဒုက္ခတွေကို ကျမတို့ ခံစားစေကြစေဖို့ သူတို့ လုပ်တာလေ။ ကျမတို့ကတော့ ကြံ့ကြံ့ခံရမှာပေါ့။ ကိုသူရတို့တောင် ဒုက္ခတွေနဲ့ အထဲမှာ နေကြရတာပဲ။ ကျမတို့ အပြင်က လူတွေလည်း ဒုက္ခတွေနဲ့ ပါပဲ။ ကျမတော့ ယုံကြည်ထားပါတယ်။ ကိုသူရ က လူတွေအတွက် အလုပ်လုပ်ရင်း အခုလို ဖြစ်သွားရတဲ့အတွက် မြစ်ကြီးနားမြို့ခံတွေကလည်း ကူညီကြမှာပါလို့ ကျမတို့ ယုံကြည်ပါတယ်။”
နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ရဲ့ ခယ်မဖြစ်သူ မငြိမ်းဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအ၀န်းကပါ ၀ိုင်းဝန်းတောင်းဆိုနေတဲ့ကြားကပဲ အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နေသလို၊ ဝေးလံခေါင်ဖျားတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့တာတွေကလည်း ဆက်ဖြစ်နေတာပါ။ မနေ့တုန်းကဆိုရင်လည်း နိုင်ငံပေါင်း ၅၀ ကျော်က ကမ္ဘာ့ ခေါင်းဆောင် ဟောင်း ၁၁၂ ယောက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ တိုက်တွန်းခဲ့တာပါ။ ဒီလို တောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့ မနေ့က တချိန်တည်း မှာလည်းပဲ Hip-Hop အဆိုတော် ဇေယျာသော် အပါအ၀င် တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့ (Generation Wave) မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့ဝင် လူငယ် ၄ ယောက်ကို နယ်ထောင်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုအခါ ဒီအထဲက ကျန်နေတဲ့ နောက် ၂ ယောက်ဖြစ်တဲ့ ဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ်ထောင်၊ ရန်နိုင်သူ က ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွေဆီကို အသီးသီး ပြောင်းရွှေ့ပစ်လိုက်ပြီလို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်ခင်ဗျာ။

သတင်း/VOA
Labels:
သတင်းဆောင်းပါး
စာပေဟောပြောပွဲ(နယူးယောက်မြို့)
အဋ္ဌမအကြိမ် စာပေဟောပြောပွဲကို နယူးယောက်မြို့၊ အမှတ်(၇၇၇) ယူအမ်ပါလာဇာ၊၂ ထပ်၌ နေလည်
(၁၂း၄၅)မှညနေ(၅)နာရီအထိကျင်းပပြုခဲ့ပါသည်။ထိုစာပေဟောပြောပွဲကိုနယူးယောက်မြို့မှစာပေဟောပြော
ပွဲကျင်းပရေး တာဝန်ခံ ဦးကျော်ဝင်း၊ကိုဇော်ဝင်း တို့နှင့် အတူ စာပေချစ်မြတ်နိုးကြသော လူငယ်များမှစုပေါင်း
ပြုလုပ်ခဲ့ကြပြီး တက်ရောက်နားဆင်ခဲ့ကြသောဧည့်ပရိသတ်များကို မြန်မာ့အစားအစာများဖြင့် ကျွေးမွေး
ဧည့်ခံခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်ဆရာဦးဝင်းဖေက(၀င်းဖေ လွယ်အိတ်)၊ ဆရာမောင်စွမ်းရည်က(ကဗျာ)နှင့် တေးသံရှင်
ဒေါ်မာမာအေးက(အသံကို ဘယ်လိုအလှဆင်မလဲ) စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ပါသည်။
ထိုစာပေဟောပြောပွဲသို့ မယ်ရီလန်းပြည်နယ်၊ နယူးယောက်အထက်ပိုင်း နှင့် နယူးယောက်မှ စာပေ၀ါသနာရှင်
ပေါင်း(၅၀)ခန့် တက်ရောက်အားပေးနားဆင်ခဲ့ကြပါသည်။

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ အမြန်သွားဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အမြန်ဆုံးပြန်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ဦးက မစ္စတာဘန်ကီမွန်းဆီကို စာရေးတောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ဆက်သွယ်မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရခေါင်းဆောင်ဟောင်း ၁၁၂ ဦးရဲ့ ဒီစာအရတော့ အခု၂၀၀၈ ခုနှစ် မတိုင်ခင်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဖိအားပေးထားတာပါ။ဒီအချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးသားမို့ မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်ကို ထောက်ပြထားပါတယ်။ ဒီအထဲမှာ ပါဝင်လက်မှတ်လည်းထိုး၊ ဒီစာဖြစ်ဖို့ ဦးဆောင်လှုပ်ရှားသူတဦးလည်းဖြစ်တဲ့ နော်ဝေးနိုင်ငံက ၀န်ကြီးချုပ်ဟောင်း ချဲလ် မာနဲလ် ဘိုနဗစ် (Kjell Magne Bondevik) က ဗွီအိုအေကိုအခုလို ရှင်းပြပါတယ်။
အခု မြန်မာနိုင်ငံတွင်း နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်မှာ ကျနော်တို့ စိုးရိမ်မိပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ကို ၂၀၀၇ ခုနှစ်အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။အဲဒီမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလို မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာရေးကို ကုလသမဂ္ဂအနေနဲ့ ၂၀၀၈ ခုနှစ်အတွင်းတိုးတက်ဖြစ်ထွန်းမှုအနေနဲ့ တိုင်းတာသတ်မှတ်ထားပါတယ်။
"ဒါပေမယ့်လို့ ၂၀၀၇ ဇွန်လက မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား ၁,၂၀၀ လောက်ပဲ ရှိရာကနေ အခုဆိုရင် ၂,၁၀၀ ကျော်အထိရှိလာပါတယ်။ ဒါ လက်မခံနိုင်စရာပါ။ ဒါကြောင့် မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရအနေနဲ့ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးရပါမယ်။"
မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ ဒီမိုကရေစီဖြစ်ထွန်းရေးရောနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ကနဦးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို နိုင်ငံတကာအနေနဲ့ ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်သဘောထားရမယ်လို့လည်း မစ္စတာဘိုနဗစ်က ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ ပထမဆုံးအဆင့် ဖြစ်ရပါလိမ့်မယ်။ ဒါပြီးမှစစ်အစိုးရရယ်၊ အန်န်အယ်လ်ဒီရယ်၊ တိုင်းရင်းသားတွေရယ် တွေ့ဆုံဆွေးနွေးနိုင်မှာပါ။ဒါကြောင့် မြန်မာနိုင်ငံက ဒီနိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ နိုင်ငံတကာအနေနဲ့ကြိုတင်စည်းမျဉ်းကို သတ်မှတ်ထားရပါမယ်။"
ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ တဖက်မှာ သူတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းလာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ ပိုင်းဖြတ်ထားပုံရပါတယ်။ မစ္စတာဘိုနဗစ်ကတော့ ဒီအတိုင်း အခြေအနေအရဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေ အထိန်းသိမ်းခံနေရသရွေ့တော့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီမတိုင်ခင်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအတွက် လမ်းဖွင့်ပေးထားရပါမယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာမှာလည်း ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။"
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မှုမှာ အနောက်နိုင်ငံတွေနဲ့ အာရှဘက်က အာဆီယံ၊ တရုတ်တို့အကြားမှာ ကွဲလွဲမှု အဓိကအချက်ကတော့ ပြစ်ဒဏ်ခတ်ဖိအားပေး အရေးယူနည်းနဲ့ အပြုသဘော သံတမန်နည်းအရ ချဉ်းကပ်တာတွေပါ။နှစ်ဖက်စလုံးကလည်း ဒါကို စိုက်လိုက်မတ်တတ် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အဖြေကောင်းကောင်းတော့ ထွက်မလာသေးပါဘူး။ ဒါဟာ နိုင်ငံတကာကနေ မြန်မာ့အရေးကို ကိုင်တွယ်မှုမှာ စိတ်ပါလက်ပါ ပိုင်းဖြတ်ချက်မရှိလို့ ဖြစ်တယ်လို့မစ္စတာဘိုနာဗစ်က အပြစ်တင်ပါတယ်။
"ပြဿနာကတော့ ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးရဲ့ တကယ်တမ်း စိတ်ဆန္ဒရှိမှုပါပဲ။ကျနော် အရင်တုန်းက မစ္စတာဘန်ကီမွန်းကို တိုက်တွန်းခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကကျတဲ့နိုင်ငံတွေက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ ကိစ္စပါ။ အမေရိကန်၊ အီးယူ၊ အာဆီယံ၊ တရုတ် စတဲ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ပါ။"
မစ္စတာဘန်ကီမွန်းအနေနဲ့ အခုနှစ်ဆန်းပိုင်းမှာပဲ နာဂစ်မုန်တိုင်းကိစ္စနဲ့ မြန်မာနိုင်ငံကိုသွားခဲ့ဖူးတာကြောင့် မြန်မာအစိုးရ ဗိုလ်ချုပ်တွေနဲ့ မစ္စတာဘန်ဟာ အဆက်အစပ်ရှိနေဆဲလို့ ယူဆတာကြောင့် မစ္စတာဘန် မြန်မာနိုင်ငံကိုသွားရင် စစ်အစိုးရကို တစုံတရာနားချနိုင်မယ်လို့ မစ္စတာဘိုနာဗစ်က ယူဆပါတယ်။ မစ္စတာဘန်ကီမွန်းကလည်း အခုနှစ်မကုန်ခင် သူ မြန်မာနိုင်ငံကိုသွားမယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာပဲ ခိုင်မာတဲ့တိုးတက်မှု တစုံတရာမတွေ့ရဘဲ မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ ယူဆပြောဆိုတဲ့ အာရှနိုင်ငံတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်ကတော့ မစ္စတာဘန်ကီမွန်း လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အခုလိုကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အရေး တိုက်တွန်းဆောင်ရွက်တဲ့အပေါ်မှာ စိတ်အားရမိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဒီဥစ္စာ အလိုအပ်ဆုံးပါ။ ဘန်ကီမွန်း လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ကမ္ဘာကအဲဒီလိုလုပ်တာ ကျနော်တို့ ၀မ်းသာလို့ပါ။ အဲဒီလိုဆန္ဒပြုတာ ကျနော်တို့အတွက်အများကြီး ကြိုဆိုစရာဖြစ်တယ်၊ ၀မ်းသာစရာဖြစ်တယ်၊ အားရစရာဖြစ်တယ်။"
အခု ကမ္ဘာ့ခေါင်းဆောင် ၁၁၂ ဦး မစ္စတာဘန်ကို ပေးပို့တဲ့စာထဲမှာတော့ မစ္စတာဘန်မြန်မာနိုင်ငံကို သွားနိုင်သည်ဖြစ်စေ၊ မသွားနိုင်သည်ဖြစ်စေ မြန်မာအစိုးရအနေနဲ့ အခုနှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း စစ်အစိုးရသိအောင် လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အကယ်၍ ဒါကိုစစ်အစိုးရက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ နောက်ထပ် အရေးယူကိုင်တွယ်မှုတွေ လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ သူတို့အနေနဲ့လည်း ကုလသမဂ္ဂနဲ့အတူ တသားတည်းရပ်တည်သွားမယ်လို့ ကတိပြုထားပါတယ်။အခုပေးစာထဲမှာတော့ အမေရိကန်ပြည်ထောင်စုက သမ္မတဟောင်း ဂျော့ အိပ်ခ်ျ ဒဗလျူ ဘုရှ်၊ ဂျင်မီကာတာ၊ အာရှကဆိုရင်တော့ ကိုရာဇန် အာကွီနို၊ ကင်ဒေးဂျုံ၊ရာမို့စ်ဟိုတာ၊ ကိုအီဇူးမီး၊ အခြားထင်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ၊ ဂျွန်မေဂျာ၊ မာဂရက်သက်ချာ၊ နောက် ချက်နိုင်ငံက ဗားဆလပ်ဟားဗဲလ်၊အိုင်ယာလန်က မယ်ရီရောဘန်ဆန် စုစုပေါင်း ၁၁၂ ဦး ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

သတင်း(VOA)
Labels:
သတင်းဆောင်းပါးများ
အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း
ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကြောင့်နောက်ဆယ်ရက်ကြာရင်ချင်းမိုင်မြို့မှာကျင်းပဖို့ရှိတဲ့
အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံကိုလည်း ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အိမ်ရှင်ထိုင်းနိုင်ငံကပြောကြားခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ဗွီအိုအေသတင်းထောက်ကိတ်ပေါင်ဒေါ်ဆင်
(Kate Pound Dawso)ဘန်ကောက်မြို့ကနေသတင်းပေးပို့ထားတာကိုဒေါ်လှလှသန်းကတင်ပြပေးထားပါတယ်
နှစ်ပတ်လည် အာဆီယံ ထိပ်သီးညီလာခံကို နောက်နှစ် မတ်လမှာကျင်းပဖို့ ရက်ရွှေ့ဆိုင်းလိုက်တာပါ။ ကနဦးကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ပဏာမစည်းဝေးပွဲတွေကို စတင်ပြီး အစိုးရခေါင်းဆောင်တွေကတော့ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲစတင်ဖို့ရှိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေဖြစ်တဲ့ ၀န်ကြီးချုပ် ဆွန်ချိုင်းဝေါင်ဆာဝတ် (Somchai Wongsawat) နဲ့ သူ့ရဲ့ ပီပီပီ ပြည်သူ့အင်အားပါတီအနေနဲ့ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတော်တရားရုံးချုပ်က ဒီနေ့ပဲဆုံးဖြတ်လိုက်တဲ့အတွက်လည်း ၀န်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်ပေးဖို့ရှိပြီးဝန်ကြီးချုပ်သစ်ကို လွှတ်တော်အမတ်တွေက မရွေးချယ်နိုင်သေးတဲ့ ကာလအတွင်းမှာတော့ ယာယီအစိုးရက တာဝန်ယူအုပ်ချုပ်သွားဖို့ ရှိပါတယ်။
သီတင်နန် ဖွန်ဆို ဟိရပ်ကတော့ ဘန်ကောက် ချူလာလောင်ကွန်းတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ သူကတော့ အခုလို အာဆီယံထိပ်သီးညီလာခံ ကျင်းပမယ့်ရက် ရွှေ့ဆိုင်းလိုက်တဲ့အတွက် ပထမဆုံးထွက်ပေါ်လာမယ့်အာဆီယံ ပဋိညာဉ်စာတမ်းကြီး အတည်ပြုရေးမှာ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကိုနှောင့်နှေးစေနိုင်တယ်လို့ ပြောပါတယ်။ ပဋိညာဉ်စာတမ်းကြီးအနေနဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပိုမိုရင်းနှီး ပေါင်းစည်းမှုကို ပြသဖို့ အာဆီယံက ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ပါမောက္ခ သစ်တီနန်က …
"ပဋိညာဉ်စာတမ်းကြီးဟာ အာဆီယံအတွက် စည်းလုံးညီညွတ်မှုကို ပြစေပြီးတော့ကမ္ဘာ့ဇာတ်ခုံမှာ တိုးတက်မှုကိုပြနိုင်မယ့် အရိပ်လက္ခဏာပါ။ ဒါပေမယ့် ထိပ်သီးညီလာခံကို အခုလို ရက်ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ပဋိညာဉ်စာတမ်းကြီး ရုပ်လုံးပေါ်လာဖို့လည်း နှောင့်နှေးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ နောက်ထပ် ၁၈ လအထိအာဆီယံဥက္ကဋ္ဌအဖြစ် ယူထားမယ့်ကာလအတွင်းမှာလည်း ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပပေးနိုင်ဖို့ အခြေအနေ ပေးပါ့မလား ဆိုတာကိုလည်း တခြားအိမ်နီးချင်းနိုင်ငံတွေ မေးခွန်းထုတ်လာကြဖို့ ရှိပါတယ်။"
ဒါ့အပြင် ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးနဲ့ ဒွန်မောင်း ပြည်တွင်းလေဆိပ်တို့ကို အစိုးရဆန့်ကျင်တဲ့ ပီအေဒီပါတီဝင် ဆန္ဒပြသူတွေက ၀င်သိမ်းထားကြတဲ့အတွက်လည်း ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာလာတာတွေ့ရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံတကာလေဆိပ်တွေအနက် တခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအတွက် လေယာဉ်ခရီးတထောက်နားရာ အရေးကြီးတဲ့၊ အချက်အချာကျတဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။ အခုလို လေဆိပ်ကြီးပိတ်ထားတာ တပတ်ရှိပြီဖြစ်တဲ့အတွက်လည်း ဒေသန္တရ အိမ်နီးချင်းနိုင်ငံတွေအကြား ထိုင်းနိုင်ငံရေးသိက္ခာ ကျစေတယ်လို့ သစ်တီနန်က သုံးသပ်ပါတယ်။
"ဒေသန္တရအတွင်းမှာ ထိုင်းနိုင်ငံက လမ်းပန်းဆက်သွယ်ရေး အချက်အချာ ဖြစ်ခဲ့လေတော့ လက်ရှိအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက်တော့ ကုန်သွယ်ရေးရော၊ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ အနှောင့်အယှက်တွေ ဖြစ်စေမှာပါ။"
လေဆိပ်ကြီးနှစ်ခုကို ပိတ်ဆို့ထားလို့လည်း ကမ္ဘာလှည့်ခရီးသွားတွေ သောင်းနဲ့ချီပြီးသောင်တင်နေကြရပါတယ်။ တချို့ကတော့ မလွှဲမရှောင်သာ လေယာဉ်ခရီးစဉ်တွေကိုပြောင်းရသလို ဖျက်ပစ်ရတာတွေလည်း ရှိပါတယ်။ သစ်တီနန်ကတော့ အခုလိုအခြေအနေကြောင့် ဥရောပနိုင်ငံတချို့က နိုင်ငံသားတွေ ဘန်ကောက်လေဆိပ်မှာသောင်တင်နေကြလို့ သက်ဆိုင်ရာ အစိုးရတွေအတွက် စိတ်သောကဖြစ်စေတယ်လို့ပြောပါတယ်။ဆန္ဒြုပသူတွေကတော့ လေယာဉ်ကွင်းတွေ ပိတ်ဆို့ထားတာတွေကို ဒီနေ့ အဆုံးသတ်ပေးမယ်လို့ ပြောခဲ့တာတွေ ရှိပေမယ့်လည်း နိုင်ငံတကာ လေယာဉ်ကွင်းကြီးအနေနဲ့ပုံမှန်ပြန်ပြီး လည်ပတ်နိုင်ဖို့ကတော့ ရက်အတော်ကြာဦးမယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောကြပါတယ်။

Voa(သတင်း)
Labels:
သတင်းဆောင်းပါး
အကျဉ်းစံ အာဇာနည်များသို့ (ကဗျာ)
အကျဉ်းစံ အာဇာနည်များသို့
သတင်းလှိုင်းက
မုန်တိုင်းကြီးပမာ
ကြီးထွားလာလျက်
မဟာအင်းအား ခေတ်တံခါးကို
တိုက်စားရိုက်ခတ် ဖွင့်နေပြီ။ ။
လှိုင်းလုံးဆင့်ဆင့် မြင့်ထက်မြင့်၍
ပွင့်သည်ဟင်းလင်း အရှိန်ပြင်းစွ
ပြူးတင်းတံခါး အလင်းအား။ ။
လူ့သိက္ခာမြင့် ညဏ်ရင့်တည်ကြည်
ဇာနည်ချွန်မြ အာဂကလောင်
လူ့တန်ဆောင်သို့
အမှောင်ဖြိုခွင်း တိုက်ခိုက်ခြင်းကြေင့်
အကျဉ်းထောင်ချ ခံနေရဆဲ
နေ့ညများစွာ ကြာချေပြီ။ ။
သံခြေချင်းချွတ် ချက်ခြင်းလွှတ်လော့
လွတ်လပ်ခွင့်ရေး ချက်ခြင်းပေးလော့
သွေးနှင့်ရေးတဲ့ သမိုင်းသစ်
ဥဒါန်းတွင်ရစ်စေသတည်း ။ ။
တင်မိုး
(အကျဉ်းစံ စာပေနှင့် သတင်းစာဆရာများသို့)
သတင်းလှိုင်းက
မုန်တိုင်းကြီးပမာ
ကြီးထွားလာလျက်
မဟာအင်းအား ခေတ်တံခါးကို
တိုက်စားရိုက်ခတ် ဖွင့်နေပြီ။ ။
လှိုင်းလုံးဆင့်ဆင့် မြင့်ထက်မြင့်၍
ပွင့်သည်ဟင်းလင်း အရှိန်ပြင်းစွ
ပြူးတင်းတံခါး အလင်းအား။ ။
လူ့သိက္ခာမြင့် ညဏ်ရင့်တည်ကြည်
ဇာနည်ချွန်မြ အာဂကလောင်
လူ့တန်ဆောင်သို့
အမှောင်ဖြိုခွင်း တိုက်ခိုက်ခြင်းကြေင့်
အကျဉ်းထောင်ချ ခံနေရဆဲ
နေ့ညများစွာ ကြာချေပြီ။ ။
သံခြေချင်းချွတ် ချက်ခြင်းလွှတ်လော့
လွတ်လပ်ခွင့်ရေး ချက်ခြင်းပေးလော့
သွေးနှင့်ရေးတဲ့ သမိုင်းသစ်
ဥဒါန်းတွင်ရစ်စေသတည်း ။ ။
တင်မိုး
(အကျဉ်းစံ စာပေနှင့် သတင်းစာဆရာများသို့)
Labels:
ကဗျာများ
အန်အယ်ဒီ နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ဆုံဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဥိးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက်လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ ချုပ်လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့ များအပေါ် မကျေနပ်သည့်လူငယ်များက ၄င်းတို့၏ရှေ့ ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက်တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။
ဦးဝင်းတင်က လူငယ်များအား -
‘ ကျန်တော့်အနေနဲ့ ဥက္ကဌ ဥိးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ဥက္ကဌကိုပြောခဲ့တာက ဒီလူငယ်တွေကို ထုတ်ပစ်တာကိုလက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူတွဲလုပ်စရာရှိတဲ့ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲဆိုတာ စဉ်းစားကြရမှာဖြစ်တယ် ။ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ်လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။အဖွဲ ချုပ်ကိုလည်း ပြောခဲ့ ပါတယ် အခုအပြင်ကိုရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲခေါ်ပါ၊လူငယ်အကြံပေးအဖွဲ့ ကိုလည်းပြောခဲ့တယ် ဒါကတော့ ဒိအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည်ပြောကြားခဲ့သည်။
သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့်လက္ခဏာမရှိကြောင်း နှုတ်ထွက်လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့်  ဖြစ်စေချင်သည့်ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံကိုခင်ထွန်းက
“ကျနော်တို့ အနေနဲ့  ကတော့ လူငယ်အဖွဲ့ ကိုပြန်ဖွဲ့ မယ်ဆိုရင် အသက်(၃၅)နှစ်အောက်လူငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်ကြောင်း ၊အခုပြန်ဖွဲ့ လိုက်တဲ့လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်းလူငယ်ကိုပြန်လည်ဖွဲ့ စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြိး လူငယ်များအနေနှင့် ပါတီသက်တမ်းအနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်းနေခဲ့ ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ် ကြိမ်ပါယ်ချခဲ့ခြင်းကြောင့် ယခုလိုဆုံးဖြတ်ခဲ့ ရတာဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မလုပ်အားပေးခိုင်းသည့်ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။

မြင့်မိုးဇော်/ ၆ နိုဝင်ဘာ ၂၀၀၈/ခေတ်ပြိုင်
Labels:
သတင်းဆောင်းပါး
ပထမဆုံး အာဖရိကနွယ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘရက်ခ် အိုးဘားမား အနိုင်ရသွားပြီး၊ သူဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အာဖရိကအနွယ် အမေရိကန်သမ္မတ တဦးဖြစ်လာပါတယ်။ ကမ္ဘာအနှံအပြားခေါင်းဆောင်တွေ လူပုဂ္ဂိုလ်တွေဟာ သူအနိုင်ရတာကို ထောက်ခံ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာအိုဘားမား အနိုင်ရကြောင်း ကြေညာလိုက်ချိန်မှာပဲ အိုဘားမား ဖခင်ဖက်က ဘိုးဘွားဘီဘင်တွေ နေခဲ့တဲ့ ကင်ညာနိုင်ငံ ကိုဂီလိုမြို့က ကျေးရွာသားတွေဟာ တဦးကို တဦး ပွေ့ဖက်ပြီး ပျော်ရွင်ခဲ့ကြပါတယ်။ ကင်ညာသမ္မတ မွိုင်ကဘားကီးကလည်း မစ္စတာအိုဘားမား အနိုင်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ အခု ကြာသာပတေးနေ့ကို နိုင်ငံတော်အားလပ်ရက်ကြေညာလိုက်ပါတယ်။
အာဖရိကတောင်ပိုင်းဖွံဖြိုးရေးအဖွဲ့အစည်းကြီးရဲ့ ဥက္ကဌ တောင်အာဖရိကသမ္မတ ဂလီးမား မော်တလန်တေးကလည်း မစ္စတာ အိုဘားမားရဲ့ အောင်မြင်မှုအတွက် အာဖရိကဒေသအနေနဲ့ ဂုဏ်ယူမိကြောင်း ပြောလိုက်ပြီး၊ နောက်ပိုင်း အမေရိကန် အာဖရိက ချစ်ကြည်ရေး ဆက်ဆံမှု ကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဥရောပကော်မရှင်အကြီးအကဲ ဂျိုဆေး မန်နြူရယ် ဘာရိုဆိုကလည်း မစ္စတာအိုဘားမား အနိုင်ရတဲ့အပေါ် ၀မ်းမြောက်စကားဆိုပြီး၊ ကမ္ဘာသစ်အတွက် အခြေအနေသစ်တခု မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟောရှာ ဇီဘာရီကလည်း မစ္စတာအိုဘားမားအနိုင်ရတာကြောင့် အီရတ်ကနေ အမေရိကန်တပ်တွေ ရုတ်တရက် ဆုတ်ခွာသွားမယ် - အမေရိကန်မူဝါဒ ရုတ်ချည်း အပြောင်းအလဲဖြစ်မယ်လို့ မမျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ မစ္စတာအိုဘားမားဟာ မဲဆွယ်စည်းရုံးမှုတွေအတွင်း သူ သမ္မတဖြစ်တာနဲ့ ၁၆လအတွင်းမှာ အီရတ်က အမေရိကန်တပ်တွေကို ရုတ်သိမ်းလိုတယ်လို့ ပြောထားတာပါ။
ပြင်သစ်သမ္မတ နီကလပ် ဆာကိုဇီကလည်း မစ္စတာအိုဘားမားကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကလည်း အမေရိကန်မှာ အခုလို လူမဲ သမ္မတဖြစ်လာတာကြောင့် နိုင်ငံရေးမှာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုတွေဟာ ပပျောက်သွားပြီလို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ ၀ါရှင်တန်မှာရှိတဲ့ ပါကစ္စတန်သံရုံးကတော့ ပါကစ္စတန်သမ္မတ အာဆစ် အာလီ ဇာဒါရီအနေနဲ့ အမေရိကန်ခေါင်းဆောင်သစ်အောက်မှာ အမေရိကန်-ပါကစ္စတန်ဆက်ဆံရေး ပိုတိုးတက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။

Nov5,2008/VOA
Labels:
သတင်းဆောင်းပါး
Subscribe to:
Posts (Atom)