အကျဉ်းစံ အာဇာနည်များသို့
သတင်းလှိုင်းက
မုန်တိုင်းကြီးပမာ
ကြီးထွားလာလျက်
မဟာအင်းအား ခေတ်တံခါးကို
တိုက်စားရိုက်ခတ် ဖွင့်နေပြီ။ ။
လှိုင်းလုံးဆင့်ဆင့် မြင့်ထက်မြင့်၍
ပွင့်သည်ဟင်းလင်း အရှိန်ပြင်းစွ
ပြူးတင်းတံခါး အလင်းအား။ ။
လူ့သိက္ခာမြင့် ညဏ်ရင့်တည်ကြည်
ဇာနည်ချွန်မြ အာဂကလောင်
လူ့တန်ဆောင်သို့
အမှောင်ဖြိုခွင်း တိုက်ခိုက်ခြင်းကြေင့်
အကျဉ်းထောင်ချ ခံနေရဆဲ
နေ့ညများစွာ ကြာချေပြီ။ ။
သံခြေချင်းချွတ် ချက်ခြင်းလွှတ်လော့
လွတ်လပ်ခွင့်ရေး ချက်ခြင်းပေးလော့
သွေးနှင့်ရေးတဲ့ သမိုင်းသစ်
ဥဒါန်းတွင်ရစ်စေသတည်း ။ ။
တင်မိုး
(အကျဉ်းစံ စာပေနှင့် သတင်းစာဆရာများသို့)
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
(၆၃)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဂုဏ်ပြုအစီစဉ်
ကဗျာဆရာကြီးဦးတင်မိုး ကတော့အခုလို ကဗျာလေနဲ့ ဖွဲ့နွဲ့ထားပါတယ်…
မြန်မာ့တန်ဆောင် တို့ခေါင်းဆောင်
မြန်မာပြည်ရဲ့ အလင်းရောင်
ဒေါ်စု ဆိုတဲ့တို့ခေါင်းဆောင်။
လူထုရဲ့ အလင်းအားအတွက်
အကျဉ်းသားဘ၀ရင်ဆိုင်
ဒီမိုကရေစီ မီးတိုင်ညှိထွန်းလျက်။
လေစိမ်းဘယ်လောက်တိုက်တိုက်
မီးညွန့်ကလေးတောင်မှ မယိမ်းမငိုက်။
အမိုက်တိုက်ရှိရာ စွန့်စွန့်စားစား
အလင်းရောင်ပေးဖို့ ရဲရဲသွား။
လူထုအင်အား သူအင်အားလို့
အမှန်တရားကို သူယုံကြည်
စိတ်ထားမြင့်မြတ် ဖြောင့်မတ်တဲ့အာဇါနည်။
အောင်ဆန်းစုကြည် ပြည်သူချစ်တဲ့သမီး
သမိုင်းပြောင်တဲ့ တန်ဆောင်ဆီမီး။
မြန်မာနိုင်ငံသားတို့အတွက်
ကမ္ဘာ့လူသားတို့အတွက်
မြင့်မြတ်စွာ မွေးဖွားသန့်စင်လာခဲ့ပါသတည်း။
ဆရာကြီးဦးတင်မိုး
ခေတ္တ-ဘလ်လဂျီယမ်နိုင်ငံ
၁၉ ၊ ၀၆ ၊ ၂၀၀၁ ဒေါ်စုမွေးနေ့ဂုဏ်ပြု
Labels:
ကဗျာများ
Subscribe to:
Posts (Atom)
