ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းထားမှု သက်တမ်းထပ်တိုးလျှင် တရားမ၀င်ဟု သူမရှေ့နေ ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးက စနေနေ့ကျော်သွားလျှင် နေအိမ်မှာအကျယ်ချုပ်ချထားဖို့ တရားဥပဒေ အခြေခံမရှိဘူးလို့ ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေများအရ လူတဦးတယောက်အား တရားမစွဲ၊ ရုံးမတင်ဘဲ ၅ နှစ်ပဲ ထိန်းသိမ်းထားခွင့်ပြုထားလို့ အမေရိကန်အခြေစိုက် ရှေ့နေ ဂျာရတ်ကင်ဆာက ထောက်ပြလိုက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု နောက်ဆုံးတနှစ် သက်တမ်းတိုးခဲ့တာ စနေနေ့ည သန်းခေါင်အချိန်မှာ သက်တမ်းစေ့မှာ ဖြစ်ပါတယ်။
23 MAY,2008 (VOA)

No comments: