အကျဉ်းစံ အာဇာနည်များသို့ (ကဗျာ)

အကျဉ်းစံ အာဇာနည်များသို့

သတင်းလှိုင်းက
မုန်တိုင်းကြီးပမာ
ကြီးထွားလာလျက်
မဟာအင်းအား ခေတ်တံခါးကို
တိုက်စားရိုက်ခတ် ဖွင့်နေပြီ။ ။

လှိုင်းလုံးဆင့်ဆင့် မြင့်ထက်မြင့်၍
ပွင့်သည်ဟင်းလင်း အရှိန်ပြင်းစွ
ပြူးတင်းတံခါး အလင်းအား။ ။

လူ့သိက္ခာမြင့် ညဏ်ရင့်တည်ကြည်
ဇာနည်ချွန်မြ အာဂကလောင်
လူ့တန်ဆောင်သို့
အမှောင်ဖြိုခွင်း တိုက်ခိုက်ခြင်းကြေင့်
အကျဉ်းထောင်ချ ခံနေရဆဲ
နေ့ညများစွာ ကြာချေပြီ။ ။

သံခြေချင်းချွတ် ချက်ခြင်းလွှတ်လော့
လွတ်လပ်ခွင့်ရေး ချက်ခြင်းပေးလော့
သွေးနှင့်ရေးတဲ့ သမိုင်းသစ်
ဥဒါန်းတွင်ရစ်စေသတည်း ။ ။

တင်မိုး
(အကျဉ်းစံ စာပေနှင့် သတင်းစာဆရာများသို့)

No comments: