(၆၃)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဂုဏ်ပြုအစီစဉ်


ကဗျာဆရာကြီးဦးတင်မိုး ကတော့အခုလို ကဗျာလေနဲ့ ဖွဲ့နွဲ့ထားပါတယ်…


မြန်မာ့တန်ဆောင် တို့ခေါင်းဆောင်

မြန်မာပြည်ရဲ့ အလင်းရောင်
ဒေါ်စု ဆိုတဲ့တို့ခေါင်းဆောင်။
လူထုရဲ့ အလင်းအားအတွက်
အကျဉ်းသားဘ၀ရင်ဆိုင်
ဒီမိုကရေစီ မီးတိုင်ညှိထွန်းလျက်။
လေစိမ်းဘယ်လောက်တိုက်တိုက်
မီးညွန့်ကလေးတောင်မှ မယိမ်းမငိုက်။
အမိုက်တိုက်ရှိရာ စွန့်စွန့်စားစား
အလင်းရောင်ပေးဖို့ ရဲရဲသွား။
လူထုအင်အား သူအင်အားလို့
အမှန်တရားကို သူယုံကြည်
စိတ်ထားမြင့်မြတ် ဖြောင့်မတ်တဲ့အာဇါနည်။
အောင်ဆန်းစုကြည် ပြည်သူချစ်တဲ့သမီး
သမိုင်းပြောင်တဲ့ တန်ဆောင်ဆီမီး။
မြန်မာနိုင်ငံသားတို့အတွက်
ကမ္ဘာ့လူသားတို့အတွက်
မြင့်မြတ်စွာ မွေးဖွားသန့်စင်လာခဲ့ပါသတည်း။



ဆရာကြီးဦးတင်မိုး
ခေတ္တ-ဘလ်လဂျီယမ်နိုင်ငံ
၁၉ ၊ ၀၆ ၊ ၂၀၀၁ ဒေါ်စုမွေးနေ့ဂုဏ်ပြု

No comments: