North Carolina မှရှစ်လေးလုံးအခမ်းအနား


ဒေါက်တာစိန်ဝင်း(၀န်ကြီးချုပ်) ၊ ကိုဇော်မင်း(၈၈ မျိုးဆက်-ပြည်ပ)
ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂ဝ)ပြည့်အခန်းအနား ကို ဝ၂၊ဝ၈၊၂ဝဝ၈ ရက်နေ( နံက်၁၂းဝဝ မှ ညနေ၄းဝဝ)အထိ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်ရှိ ဒီမိုကရေစီအင်အားစုများမှ ချာပါဟေး္ကတက္ကသိုလ်ကျောင်း ခမ်းမတွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
အခန်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲမှ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ‹ချုပ်လွတ်မြောက်နယ်မြေ (အမေရိကန်ဌာနခွဲမှဥက္ကဌ ဦးအောင်စောဦး၊၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်မင်း၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မီတီမှ ကိုယဉ်အေး တို့မှတက်ရောက်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက်ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ စသည်တို့ကိုအသီးသီးဟောပြောတင်ပြသွားခဲ့ပါသည်၊အဆိုပါအခန်းအနားသို့ အင်ဒီယားနားပြည်နယ်၊ ကန်တကီပြည်နယ်၊ဝါရှင်တန်ဒီစီ(မေရီလင်း)ဘာဂျီးနီးယားပြည်နယ်နှင့် မြောက်ကာရိုလိုင်းနား ပြည်နယ် များမှ ဒီမိုကရေစီအင်အားစုများ အမေရိကန်ပြည်သူများ (၁၅ဝ)ကျော်ခန့်တက်ရောက်ခဲ့ကြပါ သည်။ အခန်းအနားတွင် မြန်မာပြည်၏ ရှစ်လေးလုံးကာလတွင် စစ်တပ်၏ ပြည်သူလူထုအပေါ် အကြမ်းဖက် ရက်စက်စွာ နှိမ်နင်းခဲ့သည့် ဓါတ်ပုံများ၊ စက်တင်ဘာရွေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းခဲ့သည့်ဓါတ်ပုံမှတ်တမ်းများအား တင်ပြခဲ့ရာ တက်ရောက်လာသူများမှ အထူးပင် စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီးအခန်းအနားကို ညနေ ၄ နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
သတင်းပေးပို့သူ/ကိုဇော်မိုးနိုင်

No comments: