အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဟောပြောပွဲကျင်းပပြုလုပ်







၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ အုတ်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်
ရုံးတွင် ဟောပြောပွဲတရပ်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ်လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင့်မှ ဟောပြောခဲ့ခြင်းဖြစ်သည်။ လူငယ်နှင့် အနာဂတ်ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များမှ မေးခွန်းများပြန်မေးခဲ့ကြကြောင်းသိရှိရသည်။ ယနေ့ဟောပြောပွဲသို့ ရန်ကုန်တိုင်း၊ မြို့နယ်ပေါင်းမှ စိတ်ဝင်စားသူ လူငယ် (၃၀၀) ၀န်ကျင်ခန့်တက်ရောက်ခဲ့ကြပြီး၊ အဖွဲ့ချုပ်ခေါင်းဆောင်များလည်းတက်ရောက်ကြ
သည်ကို တွေ့ရှိရသည်။


ထိုကဲ့သို့ဟောပြောပွဲများကျင်းပခြင်းသည် အဖွဲ့ချုပ်မျိုးဆက်လူငယ်များအတွက် လွန်စွာတန်ဖိုးရှိသော အတွေ့အ
ကြုံများကိုဖြစ်ပေါ်စေပြီး၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လွန်စွာအားတက်မိကြောင်း၊ နောင်အဆေပြေသောနေ့ရက်များတွင်လည်း ထိုကဲ့သို့ ဟောပြောပွဲများကိုဆက်လက်ကျင်းပလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။



No comments: